စစ်ကားဖြတ်လာတာကို ထွက်ကြည့်မိလို့ ကလေးတစ်ယောက် လေးဂွနဲ့ပစ်ခံရ
===================================
ဖေဖော်ဝါရီ ၂၂
မြစ်ကြီးနားမြို့ရှိ အောင်နန် RC ဘုရားကျောင်းရှေ့တွင် ယနေ့ည ၈ နာရီခွဲအချိန်ခန့်က စစ်ကားများဖြတ်လာသည်ကို ထွက်ကြည့်သည့် ကလေးများကို တပ်မတော်သားများမှ လေးဂွဖြင့် ပစ်လိုက်သည့်အတွက် ကလေးတစ်ဦး ဦးခေါင်း၌ ပေါက်ပြဲဒဏ်ရာ ရရှိသွားကြောင်းသိရသည်။
“စစ်ကားဖြတ်လာတယ်ဆိုပြီးကလေးတွေ အိမ်အပြင်ထွက်ကြည့်ကြတာ လေးဂွနဲ့ပစ်သွားတာ ကလေးခေါင်းမှန်သွားလို့ သွေးထွက်များလို့ ခေါင်းမူးပြီး အန်နေတယ်။” ဟု ကလေး၏ ဦးလေးဖြစ်သူကပြောပါသည်။
စစ်ကားအတွင်းမှ လေးဂွဖြင့် ပစ်လိုက်ရာ တစ်ချက်က ကားမှန်ကို လာမှန်ပြီး နောက်တစ်ချက်က ကလေးခေါင်းကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း ကဆက်လက်ပြောကြားခဲ့သည်။
#Crd photo မြစ်ကြီးနားဂျာနယ်
#MTKChannel #မိုးသောက်ကြယ်
Be First to Comment