ခွေးကိုက်ခံရတဲ့ ဒဏ်ရာကိုဆပ်ပြာ
သို့ ရေနဲ့ 15မိနစ်ခန့် ဆေးပါ
ဒဏ်ရာကိုဖွင့်ထားပီး
နီးစပ်ရာ🏥ဆေးရုံဆေးခန်းမှာ
မေးခိုင်ကာကွယ်ဆေး ထိုးပါ
(အနာကို ဆန်မှုန့် နနွင်းမှုန့် စတာတွေ
မထည့် မသိပ်ပါနဲ့)🙅🙅🙅
အရေပြားပေါက်ပြဲတယ်ဆိုရင် ခွေးရူး ကာကွယ်ဆေးပါ ထိုးဖို့လိုမယ်💉💉
ခွေးရူးကာကွယ်ဆေး vaccineကို💉💉
ဘယ်လိုထိုးမလဲ….???
______________________
@ ကြိုတင်ကာကွယ်ဆေး မထိုးထားသူ
ခွေးကိုက်ခံရလျှင်
– ပထမဆုံးလာပြတဲ့နေ့( Day -0) မှာ
ဘယ်ညာ (1 )လုံးစီ
– စတင်ထိုးပီး 7ရက်မြောက် (Day-7 ) မှာ1လုံး
– စတင်ထိုးပီး 21ရက်မြောက် (Day-21) မှာ 1လုံး
စုစုပေါင်း vaccine (4) လုံး ထိုးရမယ်
@ ကြိုတင်ကာကွယ်ဆေး ထိုးမယ်ဆ်ို
– ပထမဆုံးလာပြတဲ့နေ့( Day-0)မှာ 1လုံး
– စတင်ထိုးပီး 7ရက်မြောက်နေ့ (Day-7)မှာ 1လုံး
– စတင်ထိုးပီး 21 ရက်မြောက် (Day – 21)မှာ 1လုံး
စုစုပေါင်း (3)လုံး ထိုးရမယ်
@ ကြိုတင်ကာကွယ်ဆေး ထိုးထားသူ ခွေးက်ိုက်ခံရလျှင်
– ပထမဆုံး လာပြတဲ့နေ့ (Day-0) မှာ 1လုံး
– စတင်ထိုးပီး 3ရက်မြောက်နေ့ ( Day-3)မှာ 1လုံး
စုစုပေါင်း (2)လုံးထိုးရမယ်
ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့
_________________________________________
-ကိုယ်ပူတာ
-ခေါင်းကိုက်တာ
-အဆစ်နာတာ နဲ့ ဆေးထိုးတဲ့ နေရာတွေမှာ
နာတာ နီတာ ယောင်တာတွေ ဖြစ်နိုင်တယ်
ခွေးရူးပြန်ရောဂါ ကူးစက်ခံရရင် ဘယ်လ်ို
လက္ခဏာတွေ ဖြစ်လာနိုင်လဲ ???
______________________________
လူနာဟာ ဖျားမယ် ခေါင်းကိုက်မယ်
လည်ပင်းနာ ကြွက်သားနာမယ်
လူနာဟာ ဂနာမငြိမ် အာရုံထွေပြားလာမယ်
လည်ပင်းနဲ့ ကြွက်သားတွေ တင်းမာတာ
တက်တာနဲ့ လေဖြတ်တာတွေ ဖြစ်လာနိုင်
တယ် အစာမျိုရခက်ခဲလာပီ ပါးသပ်တွင်
အမြှုပ်ထလာမယ်
ခွေးရူးရောဂါကူးစက်ခံရသူတိုင်း ရေမျိုချရန်
ကြိုးစားတိုင်း လည်ပင်းအလွန်နာကျင်ပီး
ရေကို အလွန်ကြောက်ရွံ့နေတတ်တယ်
ခွေးရူးရောဂါဟာ ခွေးကိုက်ခံရတဲ့ အချိန်ကနေ
10 ရက်ကနေ တစ်နှစ်အတွင်းမှာ လက္ခဏာပြတတ်ပီး ရောဂါ လက္ခဏာ စပြတဲ့ အချိန်မှ ကုသလျှင်
ကုသမူဟာ ထိရောက်မူမရှိတဲ့အတွက် လက္ခဏာပြပီး မကြာခင်မှာ သေဆုံးတတ်တယ်
အာ့ကြောင့် ခွေးရူးကိုက်ခံရတယ်လို့ယူဆပါက
နီးစပ်ရာ ဆေးရုံဆေးခန်းမှာ အမြန်ဆုံးပြရမယ်
ခွေးကိုက်ခံရပီး ခွေးရူးရောဂါကူးစက်ခံရသူတိုင်း
အားလုံးနီးပါး အသက်ဆုံးရှုံးနိုင်တာကြောင့်
အိမ်မွေးခွေးတွေကို ကာကွယ်ဆေးထိုးပေးပါ
ခွေးကိုက်မခံရအောင်
အိပ်နေတဲ့ခွေး အစာစားနေတဲ့ခွေး သားပေါက်
ထားတဲ့ခွေးတွေက်ို ဝေးဝေးရှောင်ပါ မစပါနဲ့
ခွေးကိုက်မခံရအောင် သတ်ိထားပါ
____________________________________________
Crd

Uico Nih An Seh Tik Ah Zeitin Dah Na Thlawmbawl Ning Cang A si Lai..A Tang Ah Tling Deuh In Rel Ve….
More from HealthMore posts in Health »
- Nauin A Bo, A Hma Mi Pawl Caah Le Operation Tuah Mi Hma Pawl Caah A Tha Ngaimi Sii Phunkhat
- (Mahua Tree) Timi Tlai Hi Nauin Cancer Caah A That Pin Ah A Damh Fawn. Siaherhnak He.
- Na thlan Tamtuk Chuah Ruang Ah Na Lung A Mih Ah Cun Mah Rak Tuah Law Ding Ve Hman A Tha Tuk.
- KuiToh Hnah Einak Nih A Damhmi Zawtnak Pawl. A Tha Kho Taktak Rizuun A Ngei Mi Ca zong Ah A Tha
- Taifah Khukfah Tibantuk lenHlaihcang Fah Caah A tha Bak Mi Tai-Yin-See Pawl
Be First to Comment