ကမ္ဘာကြီးကိုကုစားဖို့ပြင်ဆင်ကြပြီ
~~~~~~~~~~~~~~~~~~~~~~~~~~~
ဂျာမနီ ဖရန့်ဖတ် pharma hub မှာ ကိုဗစ်ဆေးများ ကမ္ဘာအနှံ့သယ်ပို့ရေး ကြိုတင်ပြင်ဆင်နေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုဗစ်ကာကွယ်ဆေးတွေက မကြာမီအတည်ပြုပြီးရင် နိုင်ငံတကာလေဆိပ်တွေကနေ ကမ္ဘာအနှံ့ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။
ဒီအခါမှာ မမျှော်လင့်ထားတဲ့ ကူးသန်းရောင်းဝယ်ရေး သယ်ယူပို့ဆောင်ရေး စိန်ခေါ်မှုတွေက ရှိလာမှာမို့ ကမ္ဘာအနှံ့သို့ ဆေးဝါးများ အလွယ်တကူ အဆင်ပြေပြေ ပို့ဆောင်ပေးနိုင်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။
ဒီထဲမှာ ဂျာမနီက ဖရန့်ဖတ်လေဆိပ်လည်း ပါဝင်ပါတယ်။ ဖရန့်ဖတ်လေဆိပ်ဟာ ဥရောပရဲ့ အကြီးဆုံးဗဟိုချက်တစ်ခုအဖြစ် ဆေးဝါးများ သယ်ယူပို့ဆောင်ရေးမှာ တာဝန်ယူ ဆောင်ရွက်လာရဖွယ် ရှိနေပါတယ်။
အဓိကကတော့ ဆေးဝါးတွေက အပူချိန်ထိန်းချုပ်ပြီး ပေးပို့ရမှာတွေ ဖြစ်တာကြောင့် Cargo Cool Center နဲ့ ထိန်းချုပ်ဆောင်ရွက်နေပါတယ်။
ပို့ဆောင်မှုပိုင်းအတွက် အသင့်ပြင်ဆင်ထားပြီးဖြစ်ကာ ဩဂုတ်လကတည်းက အသင့်ဖြစ်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဖရန့်ဖတ် cargo terminalအနေနဲ့ ကပ်ရောဂါစဖြစ်ကတည်းက ဆေးဝါးများ၊ လက်အိတ်များ၊ ပါးစပ်နှာခေါင်းစည်းများကို ကမ္ဘာတစ်ဝန်းသို့ ပေးပို့နေရတာ ဖြစ်ပါတယ်။ ၂၀၁၉တုန်းကတော့ ကာကွယ်ဆေးတန်၁၂၀၀၀၀ကို ဒီလေဆိပ်ကြီးကနေ သယ်ပို့ပေးခဲ့တာ ဖြစ်ပါတယ်။
စတုရန်းမီတာ ၁၂၀၀၀ ကျယ်ဝန်းပြီး အပူချိန်ထိန်းထားတဲ့ ကုန်လှောင်ရုံကြီးများပါဝင်ကာ ဆေးဝါးများကို ထိန်းသိမ်းထားနိုင်ပါတယ်။
အပူချိန်ထိန်းနိုင်တဲ့ cold storage တွေကလည်း ဒီလေဆိပ်ကြီးမှာ အပြည့်ရှိနေပါတယ်။ အဓိကကတော့ စွမ်းအင်မပေးဘဲ နာရီပေါင်းအတော်ကြာအောင် အအေးချိန်ကို ထိန်းထားနိုင်မဲ့ ကွန်တိန်နာတွေလိုအပ်တာပဲ ဖြစ်ပါတယ်။
Pfizer/BioNTech ကာကွယ်ဆေးအလုံးရေသန်း၃၀၀ကို ဝယ်ယူဖို့ အီးယူအနေနဲ့ သဘောတူထားပြီး လာမဲ့လတွေကစလို့ ဆေးတွေကဖရန့်ဖတ်ကနေ အဝင်အထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။
ကုန်တင်လေယာဉ်တစ်စင်းဟာ ထိုးဆေးအလုံးရေ တစ်သန်းကို ကောင်းကောင်းသယ်ဆောင်နိုင်ပါတယ်။ DHLအနေနဲ့လည်း လေယာဉ်ခရီးစဉ် ၁၅၀၀၀ဖြင့် ကာကွယ်ဆေး၁၀ဘီလီယံကို သယ်ပို့ပေးဖို့လည်း ရှိနေပါတယ်။
Source – AFP
#MRTV
Be First to Comment