Press "Enter" to skip to content

Video He Hmanthlak He Kan Van Thil Chih Hna Zoh An Dawh Kho Taktak

သရုပ်ဆောင် မင်းသမီးချောလေး ဆုမြတ်နိုးဦးကတော့ အနုပညာလောကကို ဗီဒီယိုဇာတ်ကားတွေ စတင်ရိုက်ကူးရာမှတစ်ဆင့် နာမည်ကြီးလူကြိုက်များလာသူတစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာမျိုးရိုးရှိသူမဟုတ်ဘဲ ကိုယ်တိုင်ကြိုးစားခဲ့မှုတွေကြောင့် အခုအချိန်မှာတော့ ပရိသတ်တွေတစ်ခဲနက် အားပေးလာကြတဲ့ မင်းသမီးလေးတစ်လက်အဖြစ် ရပ်တည်လာနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ စကားပြောပုံလေးတွေကြောင့်လည်း ပုရိသတွေက ကြွေနေကြရတာလည်း ဖြစ်ပါတယ်။

သူမဟာ လတ်တလောမှာတော့ Live Sales တွေ များစွာ လက်ခံကာရောင်းချပေးနေရတာလည်း ဖြစ်ပါတယ်။ အားလပ်ချိန်တွေမှာလည်း လိုအပ်တဲ့နေရာတွေမှာ အလှူအတန်းလေးတွေ လိုက်လုပ်လေ့ရှိတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲလိုလို ဝေမျှပေးတတ်တဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး တစ်လက်လည်း ဖြစ်ပါတယ်။

မနေ့ညကလည်း မြတ်နိုးတို့ သူငယ်ချင်းသုံးယောက်ရဲ့Page လေးဖြစ်တဲ့ NHK ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များတွင် ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကားမောင်းနေတဲ့ကျော်ကျော်ကိုဘေးကနေလှမ်းလှမ်းစရင်း ကြည်နူးပျော်ရွှင်နေတဲ့ ဆုမြတ်နိုးဦးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *