တစ်နှစ်တာအကောင်းဆုံး လူသားဆုကို ကိုဗစ်ကာကွယ်ဆေး တီထွင်တဲ့ ဆရာဝန်လင်မယား ရရှိ
ကမ္ဘာ့စီးပွားရေးသတင်းဋ္ဌာနတစ်ခုဖြစ်သော Financial Times က သူတို့ရဲ့ တစ်နှစ်တာ အကောင်းဆုံးလူသားဆု (People Of The Year) ကိုတော့ ကိုဗစ်ကာကွယ်ဆေးစထုတ်လုပ်နိုင်ခဲ့တဲ့ တူရကီ-ဂျာမနီ လင်မယားစုံတွဲကို
ပေးအပ်လိုက်တယ်လို့ ဒီဇင်ဘာလ (၁၆) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။တူရကီကနေပြီးတော့ ဂျာမနီကို ရွှေ့ပြောင်းခိုလှုံလာခဲ့တဲ့ ဒေါက်တာယူဂါဆာဟင်နဲ့ အိုဇလမ်တာရီစီတို့က အမေရိကန်ဆေးဝါးထုတ်လုပ်ရေး
ကုမ္ပဏီကြီးဖြစ်တဲ့ Pfizer မှ ခေါင်းဆောင်ဆေးသုတေသနပညာရှင်တွေဘဲ ဖြစ်ပါတယ်။သူတို့ထုတ်လိုက်တဲ့ Pfizer-BioNtech ကိုဗစ်ကာကွယ်ဆေးဟာ အင်္ဂလန်က ပထမဆုံး တရားဝင် ကိုဗစ်ကာကွယ်ဆေးအဖြစ်အတည်ပြုပြီးတော့
ဆေးထိုးပေးနေတာဟာ ပထမတစ်ပတ်ထဲမှာတင်ဘဲ လူတစ်သိန်းလေးသောင်းနီးပါးရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။အမေရိကန်ဟာလည်း အဲဒီဆေးကိုပဲ အရေးပေါ် ကိုဗစ်ကာကွယ်ဆေးအဖြစ် ဒီရက်ပိုင်းထဲ အသိအမှတ်ပြုခဲ့ပြီးတော့
အလုံးအရင်းတင်သွင်းနေတာဖြစ်ပြီး ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေကလည်း အဲဒီဆေးကိုသုံးဖို့ လက်ခံအတည်ပြုထားတာ ဖြစ်တယ်လို့ သိရပါတယ်။ကမ္ဘာ့နိုင်ငံကြီးတွေဟာ ဒီဆေးကို ပထမဆုံးကိုဗစ်ကာကွယ်ဆေးအဖြစ်သုံးဖို့
အတည်ပြုလိုက်တာကြောင့်ဘဲ အဲဒီဆရာဝန်ဇနီးမောင်နှံကို သိပ္ပံနည်းပညာနဲ့ စီးပွားရေးအောင်မြင်မှုကြီးအတွက် Financial Times က People Of The Year အဖြစ် ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။ဇွန်လ နောက်ပိုင်းကစလို့ Pfizer ဆေးက
ကာကွယ်ဆေးဖြစ်ဖို့အတွက် အလားအလာ အကောင်းဆုံးလို့ သတင်းထွက်ပြီးကတည်းက ကုမ္ပဏီရှယ်ယာတွေထိုးတက်လာခဲ့ပြီးတော့ နိုဝင်ဘာလထဲမှာတော့ အဲဒီဇနီးမောင်နှံဟာ ကမ္ဘာအချမ်းသာဆုံး ဘီလီယံနာ (၅၀၀) စာရင်းဝင်သွားခဲ့တာပါ။
ဗြိတိန်နဲ့ အမေရိကန်က ဆေးကိုအတည်ပြုမှာယူခဲ့ချိန်မှာတော့ သူတို့ကတော့ ထိပ်တန်း ဘီလီယံနာစာရင်းဝင်တွေ ဖြစ်လာပြီးတော့ ကြွယ်ဝမှု ဒေါ်လာ (၅.၂) ဘီလီယံအထိချမ်းသာလာခဲ့တယ်လို့ Bloomberg သတင်းတစ်ရပ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
Crd: Media9 International News
Be First to Comment