ပရိသတ်ကြီးရေ….ကလေးသရုပ်ဆောင်ဘဝတည်းက အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးလက်ခံတဲ့မင်းသမီးချောလေး ဝါဆိုမိုးဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ကျစ်လျစ်လှပပြီး ပြည့်တင်းလှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ပုရိသတွေသာမကမိန်းကလေးချင်းပါကြွေရတဲ့မင်းသမီးချောလေးဖြစ်ပါတယ်…..။
ဝါဆိုမိုးဦးဟာ Snareအဖွဲ့ဝင်အဆိုတော်ဖြိုးလေးနဲ့လည်း ပရိတ်သတ်တွေအားကျချစ်ခင်ရတဲ့relationshipကိုတည်ထောင်ထားတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိနဲ့လက်တွဲနေကြတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးဟာ ခန္ဓာကိုယ်အချိုးအစားရော ရုပ်ရည်ရောပါလှပတဲ့သူလေးဖြစ်တဲ့အပြင် သူမတို့ညီအစ်မအားလုံးဟာလည်း အကုန်လုံးကို ချောမောလှပနေကြတာလည်းဖြစ်ပါတယ်။
ဝါဆိုမိုးဦးရဲ့ ညီမလေးတွေဟာဆိုရင်လည်း အနုပညာအလုပ်တွေစတင်လုပ်ကိုင်နေပြီဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိနေပြီဖြစ်ပါတယ်။ မကြာသေးမီကတော့ ဝါဆိုမိုးဦးဟာ သူမရဲ့Facebookစာမျက်နှာမှာ “ယူတို့ရဲ့အချစ်ကလေးတွေဆိုတာ ဟုတ်လားရှင့် Sisters goal” ဆိုတဲ့ captionလေးနဲ့ ချစ်စရာကောင်းတဲ့ ညီအစ်မလေးယောက်ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Be First to Comment