Press "Enter" to skip to content

Zohcim Lo A Mak Lawlaw Bak Si Ko Hih (+Video)

မင်းသမီးချောလေး နေခြည်ဦးကတော့ အမြဲတမ်းလွတ်လပ်ပေါ့ပါးတဲ့ ပင်ကိုယ်စတိုင်လ်နဲ့ နေထိုင်သွားလာတတ်ပြီး စကားပြောပွင့်လင်းတဲ့သူလေးလည်း ဖြစ်ပါတယ် ။ နေခြည်ဦးက ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေစွာ နေတတ်တာကြောင့်လည်း သူမရဲ့ဖက်ရှင်တွေက သူများနဲ့မတူအောင် အမြဲခေတ်မီနေတာ ဖြစ်ပါတယ် ။ နေခြည်ဦးက ကိုယ်လုံးကိုယ်ပေါက်လှပသလို အချိုးအစားလည်းပြေပြစ်တာကြောင့် ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်တင့်တယ်နေပြီး လှသွေးကြွယ်နေတာလည်း ဖြစ်ပါတယ် ။

လတ်တလောမှာတော့ နေခြည်ဦးက အလုပ်တွေကိုအရင်ကထက်ပိုပြီး ကြိုးစားပမ်းစားလုပ်ကိုင်နေသလို ကြော်ငြာနဲ့ Photo Shooting တွေလည်း မနားတမ်းရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ အလုပ်တွေနဲ့မအားမလပ်ဖြစ်နေတဲ့ နေခြည်ဦးက အနားယူတဲ့အချိန်လေးတွေမှာတော့ စိတ်အပန်းပြေအောင် Tik Tok ကစားလေ့ရှိတာ ဖြစ်ပါတယ် ။ နေခြည်ဦးက အထာကျကျပုံစံတွေနဲ့ အမြဲတမ်း Tik Tok ရိုက်တတ်တာကြောင့် သူမရဲ့ဗီဒီယိုတွေက ကြည့်ရှုသူများပြားနေတာလည်း ဖြစ်ပါတယ် ။

အခုလည်း နေခြည်ဦးက တစ်ပတ်အတွင်းမှာပဲ သူမဝတ်ဆင်ခဲ့တဲ့ အမိုက်စားဖက်ရှင်တွေကို Tik Tok ဗီဒီယိုလေးရိုက်ကူးပြီး ချပြလာခဲ့တာ ဖြစ်ပါတယ် ။ ဖက်ရှင်တွေတစ်မျိုးပြီးတစ်မျိုး ဝတ်ဆင်ပြရင်းနဲ့ အရမ်းမိမိုက်နေတဲ့ နေခြည်ဦးကတော့ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေလည်း ပေါ်လွင်နေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နေခြည်ဦးရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *