Press "Enter" to skip to content

ကြွေလွင့်ခဲ့ရတဲ့ ဖျာပုံမြို့က အာဇာနည်သူရဲကောင်း ကိုသီဟဦးအတွက် စေတနာရှင်များနဲ့ စုပေါင်းပြီး အလှူငွေလှူဒါန်းပေးခဲ့တဲ့ ချယ်ရီသင်း

အဆိုတော် ချယ်ရီသင်းက လတ်တလောလူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါဝင်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ အာဇာနည်တွေနဲ့ ကျည်ထိလူနာတွေကို တတ်နိုင်တဲ့ ဘက်ကနေ ကူညီလှူဒါန်းပေးနေတာ တွေ့ရပါတယ်။ ဒီလိုလှူဒါန်းမှုတွေမှာ စေတနာရှင်တွေနဲ့ စုပေါင်းပြီး ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါ လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကူညီလှူဒါန်းပေးတဲ့ အလှူလေးတွေကိုလည်း ပရိသတ်တွေနဲ့ အလှူရှင်များ ကြည်နူးပီတိဖြစ်အောင် လူမှုကွန်ယက်မှာ ပြန်လည်ဖော်ပြပေးပါတယ်။ ယခုမှာလည်း မတ်လ (၈) ရက်နေ့က အနာဂတ်အိမ်မက်တွေ မပျောက်သွားဖို့ တရားမျှတတဲ့ဒီမီုကရေစီအရေးကို ပြန်လည်ရရှိအောင် တိုက်ပွဲဝင်ရင်း အသက်ပေးလိုက်ရတဲ့ ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံမြို့က အာဇာနည်သူရဲကောင်း ကိုသီဟဦးရဲ့ နောက်ဆုံးခရီးအတွက် အလှူငွေ ပေးအပ်လှူဒါန်းပေးခဲ့တာကို ဖော်ပြလာခဲ့ပါတယ်။

ဒီအလှူလေးနဲ့ ပတ်သက်ပြီး ပြောပြထားရာမှာ “မနေ့က ဖျာပုံက ဆုံးသွားတဲ့ ကိုသီဟဦး အတွက် ပြည်တွင်းပြည်ပမှစေတနာရှင်များစုပေါင်းလှူဒါန်းထားတဲ့ အလှူငွေထဲမှ(၅)သိန်းကျပ်ကို အကို့အမျိုးသမီးထံပို့ပေးပြီးပါပြီ အိမ်အထိ အလှူငွေသွားရောက်ပို့ပေးတဲ့သူငယ်ချင်း Shine Hpone Myat ကိုလည်းကျေးဇူးပါ….ကောင်းရာသုကတိလားပါစေကိုကြီးရေ” ဆိုပြီး လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။ ကဲ…ပရိသတ်ကြီးရေ အာဇာနည်သူရဲကောင်းတွေကိုအတွက် တတ်နိုင်တဲ့ ဘက်ကနေ ကူညီလှူဒါန်းပေးခဲ့တဲ့ အဆိုတော် ချယ်ရီသင်းကို ဂုဏ်ပြုစကားလေး ပြောခဲ့ပါဦး။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *