Press "Enter" to skip to content

Khuaruahhar In A Thau Mi Cu Dawh Taktak In Ai Ser Than Kho Mi Nungak Nu Dawh Taktak Ah Ai Chuah (+Hmanthlak)

အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် မိမိတို့ဟာ အရမ်းအဝလွန်နေတဲ့သူတွေဖြစ်နေတယ်ဆိုရင် သူတို့မှာ သိမ်ငယ်မှုတွေအနည်းငယ်တော့ရှိကြစမြဲပါပဲ။အခြားသူတွေသွားသလိုမသွားနိုင် သူတို့လုပ်သလိုမလုပ်နိုင်ဘဲ အစခံအနောက်ခံ အနှိမ်ခံဘဝတွေနဲ့ နေနေကြရသူတွေလည်း များစွာရှိနေကြတာတွေ့ရပါတယ်။ တချို့သူတွေကတော့ မိမိကိုအဝလွန်နေလို့ စနောက်လှောင်ပြောင်ကြသူတွေကို မခံချင်တဲ့စိတ်နဲ့ ကျိုးစားပြီးဝိတ်ချနိုင်ခဲ့ကြသူတွေလည်း များစွာရှိနေကြပါတယ်။

မိမိကိုလှောင်ပြောင်တာကို မခံချင်တဲ့ဝိတ်ချပြခဲ့တဲ့လူတွေထဲမှာတော့ Jessica Valitutto လို့ခေါ်တဲ့အမျိုးသမီးတစ်ဦးလည်းပါဝင်နေပါတယ်။Jessica Valitutto ကတော့ ဝိတ်မချခင်မှာ သူမရဲ့ခန္ဓာကိုယ်အရွယ်အစားက ဘယ်လောက်ကြီးမားနေသလဲဆိုတာကတော့ ယခုပရိသတ်တွေမြင်တွေ့ရတဲ့အတိုင်းပါပဲ။အခုလိုအဝလွန်နေတဲ့ ကတော့ သူမကိုလှောင်ပြောင်ကြသူတွေ စနောက်ကြသူတွေကို ခမံချင်စိတ်ပြင်းပြရုံသာမက သူမကိုယ်တိုင်လည်း ပိန်ချင်စိတ်ပြင်းပြလှတာကြောင့် အပြင်းအထန်ကျိုးစားခဲ့တဲ့နောက်မှာတော့ 198 lb ဝိတ်ချနိုင်ခဲ့ပြီး သွယ်လျလှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားနိုင်ပြီပဲဖြစ်ပါတယ်။

အခုလိုကျိုးစားအားထုတ်မှုရဲ့ရလဒ်က အရာထင်လာတဲ့အချိန်မှာတော့ သူမအချစ်စစ်နဲ့လည်းတွေ့ဆုံခဲ့ရသလို လူအများရဲ့ပြောင်ရယ်မှုတွေကို ပြုံးပြုံးလေးနဲ့ တက်တာပြနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ပရိသတ်တွေလည်း ဖြစ်ချင်စိတ်ပြင်းပြင်းပျပျနဲ့ ကျိုးစားအားထုတ်မှုတွေစိုက်ထုတ်ရင် မဖြစ်နိုင်တာမရှိဘူးဆိုတာကို သင်ခန်းစာယူနိုင်စေဖို့အတွက် Jessica Valitutto ရဲ့ ကျိုးစားမှုရလဒ်လေးကိုဖော်ပြပေးလိုက်ရပါတယ်။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *