မိသားစုဝင်များ မီဇိုရမ်တွင် နိုင်ငံရေးခိုလှုံခွင့်ရရန် ချင်းအမျိုးသားတပ်ဦး (CNF) တောင်းခံ
မြန်မာ့တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းအမျိုးသားတပ်ဦး (CNF) က ၎င်းတို့ ၏မိသားစုဝင်များကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် နိုင်ငံရေးခိုလှုံခွင့်ရရှိနိုင်ရန်အတွက် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တရားဝင်တောင်းဆိုလိုက်သည်ဟု အိန္ဒိယအခြေစိုက်သတင်းဌာများ၏ဖော်ပြချက်အရသိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက လက်ရှိနိုင်ငံရေးအခြေ အနေကြောင့် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခုကဲ့သို့တောင်းခံရခြင်းဖြစ်သည် ဟု ခိုနူမ်းသုန်ကိုပြောသည်။
“ ယာယီနေထိုင်ခွင့်အတွက် ဒေသအစိုးရကို မေတ္တာရပ်ခံတာပါ၊ မိသားစု လေး၊ ငါးဆယ် အတွက်ပေါ့၊ စစ်တပ်က အာဏာ ရယူပြီးနောက်ပိုင်း မိုးမပြို ပြိုခဲ့သော်ဆိုတဲ့သဘောပါ၊ တခုခုဖြစ်မိခဲ့ရင် အဓိက ထိခိုက်လာနိ်ုင်မည့် မိသားစုကလေးငယ်တွေ အတွက်ကြိုတင်ပြင်ဆင်ထားတာပါ၊ ပြီးတော့ ယခုနိုင်ငံရေးအကြပ်အတည်းကြောင့် ပြည်သူတွေလည်း တိမ်းရှော င်လာနိ်ုင်တယ်လေ ဒါတွေအတွက်လည်း ကြိုတင်ပြင်ဆင်တားတဲ့သဘောပါ” ဆလိုင်းထက်နီ ကပြောသည်။
ချင်းအမျိုးသားတပ်ဦး CNF သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချူပ် NCA ကို လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခုလက်ရှိတွင် ၎င်းတို့၏ ဝိတိုရိယဌာနချူပ်သည် ချင်း ပြည်နယ် ထန်တလန်မြို့နယ်တွင်ရှိသည်။
“ ဒါက လက်နက်ကိ်ုင် အဖွဲ့အစည်းတွေအနေနဲ့ မလွှဲသာမရှောင်သာ လုပ်ရမှာပဲလေ၊ တိ်ုက်ပွဲဖြစ်မလားမဖြစ်မလားဆိုတာ က NCA အရ နှစ်ဖက် ဆက်ဆံမှုယုံကြည်မှုအပေါ်မှာမူတည်တယ်’’ ဟု CNF ပြောရေးဆိုခွင့်ရှိသူကပြောသည်။
ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် အုပ်ချူပ်ရေးမှူးကလည်း ပြီးခဲ့သည့်အင်္ဂါနေ့ ကတည်းက မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ဒုက္ခသည်များ အစုလိုက်အပြုံလိုက်ဝင်ရောက်လာနိုင်ခြင်းနှင့် ပတ်သက်၍ ကြိုတင်သတိပေးထားပြီးဖြစ်သလို မြန်မာနိုင်ငံမှ နယ်စပ်ဖြတ် ကျော်ဝင်ရောက်လာသည့် မည်သည့်ဒုက္ခသ ည်မဆို မိမိတို့ကျေးရွာအတွင်းရောက်ရှိလာပါက ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားရန် ညွှန်ကြားထားခဲ့ပြီး ဖြစ်သည်။
မီဇိုရမ်ပြည်နယ်ရှိ အင်အားကောင်းသည့်ကျောင်းသားအဖွဲ့အစည်းဖြစ်သော မီဇိုးကျောင်းသားသမဂ္ဂ(MZP) ကလည်း မြန်မာနိုင်ငံတွင် တပ်မတော်မှ စစ်အာဏာသိမ်းယူသည့်အပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီးဖြစ်သည်။
ယင်းဆန္ဒဖော်ထုတ်မှုတွင် မီဇိုရမ်ပြည်နယ်အတွင်း လက်ရှိအနိုင်ရပါတီအပါအဝင် အတိုက်အခံနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များလည်းတက်ရောက်ခဲ့ကြပြီး တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် နိုင်ငံရေး အခြေအနေမတည်ငြိမ်မှုကြောင့် လုံခြုံရေးအခြေအနေအရ မြန်မာနိုင်ငံသားများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်း ရှောင်လာကြပါက ကောင်းမွန်စွာကြိုဆိုလက်ခံသွားရန် ပြောဆိုခဲ့ကြသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလကတုန်းကလည်း မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းသားများ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များအပါအဝင် မြန်မာနိုင်ငံသားမြောက်အများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလုံခဲ့ကြရသည်။
Source: Khonumthung Burmese
Be First to Comment