Kalay Chaklei Ah SAC Ralhrang Hna Le Mipi Vengtu Ralkap Kahdohnak A Chuak Tthan, SAC Ralhrang Minung 5 An Thi
Kalaymyone Chaklei, Natchawng Khua Pawng Hrawngah SAC Ralhrang Hna Le Mipi Vengtu Ralkap Kahdohnak A Chuak Tthan, SAC Ralhrang Minung 5 An Thi. Sagaing ramtthen, Kalaymyone chaklei, Natchaung khua pawng ah ral lam sialtu SAC ralhrang hna cu mipi vengtu a simi Vakok (CNDF) le PDF hna nih April 24, zing suimilam 10:00 am hrawngah an kahdoh hna SAC ralhrang minung 5 an thi tiah pawngkam um hna sin in thawngtheih a si.
Kawlca In Fiangten Rel Khawh Si: ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦး သေဆုံး၊ ပေါက်မြို့နယ်တွင် ၂ ရက်အတွင်း တိုက်ပွဲတွင် စစ်သား ၇ ဦး သေဆုံး/ ရန်ကုန်၊ ဧပြီ ၂၄
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ နတ်ချောင်းကျေးရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် VAKOK (CNDF) နှင့် ပ.က.ဖ ပူးပေါင်းအဖွဲ့က ယနေ့ ဧပြီလ ၂၄ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ခြုံခိုတိုက်ခိုက်ရာ စစ်သား ၅ ဦး နေရာတွင် သေဆုံးကြောင်း သတင်းရရှိသည်။
“နတ်ချောင်းကျေးရွာရဲ့ မြောက်ဘက်က ဝါးပုတ်ကြီးချောင်ဆိုတဲ့ နေရာရှိတယ်၊ စစ်ခွေးတွေက စစ်ကြောင်း ၃ ကြောင်း ထိုးလာတယ်၊ ဝါးပုတ်ကြီးချောင်ဘက်ကို ထိုးလာတဲ့ စစ်ခွေးက ၂၅ ယောက်ရှိတယ်။ ကျနော်တို့က ခြုံခိုပြီးတော့ စောင့် ပစ်တာ နေရာမှာတင် ၅ ယောက်သေတယ်။ စစ်ခွေးတွေ ကျနော်တို့ကို ပတ်ဝိုက်မှာစိုးလို့ ကျနော်တို့ လောလောဆယ် ပြန်ဆုတ်ထားတယ်၊ ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး” ဟု VAKOK (CNDF) တပ်ရင်းမှူး အားလျံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့သည် မိုင်းဆွဲခံရမည်စိုး၍ ကားလမ်းအတိုင်းမလာဘဲ တောလမ်းအတိုင်းလာစဉ် ခြုံခိုတိုက်ခိုက်ခံရခြင်းဖြစ်သည်။ “တိုက်ပွဲက နာရီဝက်လောက်ပဲ ကြာတယ်၊ သူတို့က ကျနော်တို့ကို မတွေ့ဘူးပေါ့နော်၊ ကျနော်တို့က စောင့်ပစ်တာ။ ကျနော်တို့ နတ်ချောင်း၊ ချောင်းခွဘက်ကျတော့ သူတို့က ကားလမ်းပေါ်အတိုင်း မသွားရဲဘူးလေ၊ စစ်ကြောင်းတွေက ကားလမ်းမ တဖက်တချက်ကနေ ပတ်ဝိုက်ပြီး လမ်းကြောရှင်းတာပေါ့၊ မိုင်းတွေ ဘာတွေ ဆွဲမှာကြောက်လို့ပေါ့၊ အဲဒီမှာ ကျနော်တို့က စောင့်ပစ်တာပါ” ဟု VAKOK (CNDF) တပ်ရင်းမှူးက ဆက်ပြောသည်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် ညောင်ရင်းကျေးရွာအနီးတွင် အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဧပြီလ ၂၃ ရက် နံနက် ၁၀ နာရီခန့်တွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း သတင်းရရှိသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ဇီးပြားကျေးရွာဘက်ကို စစ်ကြောင်းထိုးလာစဉ် ညောင်ရင်းရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုသည် ၁ နာရီခန့်ကြာမြင့်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပေါက်တောင်ပိုင်းတိမ်လွှာအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၂၃ ရက်တွင်လည်း ပေါက်မြိုန့ယ်၊ စသိန်းရွာသို့ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပခုက္ကူတော်လှန်ရေးတပ်ဦး PRF၊ Pakokku Generation Z၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်၊ ပေါက်မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၆ နာရီခန့်ကြာမြင့်ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပေါက်မြို့နယ်က သတင်းထုတ်ပြန်သည်။
Relchap; Afghanistan Ah Video tawi thlaknak TikTok le Online Game a simi PUBG cu phihkhar dingin Taliban nih nawl an chuah , Eddie application hna hi mino hna caah lam diklo a phakter khawh hna tiah Taliban nih an kharnak hi asi. Tthangthar mino hna lamdik lo an phak lonak ding caah runven a herh caah a tu bantuk in kan phih nak hi a si tiah Taliban chimrel nak nawlngeitu Inamula Samangani nih a chim.
Hi Application hna cu zeitik tiang phihkhar a si lai cu chim khawh a si rih lo. Taliban nihhin ringawn le zukcawl hmuhsak tibantuk cu naite ah an phihkhar cang i a tu zong TikTok le PUBG phihkhar tthan ding in nawl an chuah hi a si. Taliban nih Afghanistan ram nawl ngeihnak an lak hnu in ukhruainak ah i tlukruannak a um lai tiah biakamnak an tuah nain nu hna zalonnak tucu a bi chin lengmang i Sianginn kainak nawltiang an pe hnalo.