Kalaymyo Kahdahnak Ah Palik Telh In SAC Ralhrang Minung 20 Hrawng An Thi, An Ruak Zong Laak Manh Lo In An Zaam Tak Hna

Kalaymyo Kahdahnak Ah Palik Telh In SAC Ralhrang Minung 20 Hrawng An Thi, An Ruak Zong Laak Manh Lo In An Zaam Tak Hna. Sagaing ramtthen, Kalay peng thlanglei ah 22 April 2022 ah a rak cang mi ရှေရှင် khua kiangkap kahdohnak ah reng ngei mi 3 telh in SAC ralkap le pyisawthi 20 hrawng an thi tiah PDF-Kalay nih cathanh an chuah.

Mah kahdohnak kong hen pehtlai in ralbawi Thet Aung telhin SAC ralhrang tam tuk an thi i, minung 11 nih hliamhma an tuar chap, a thimi hna ruak cu a tutiang an char rih hna lo tiah thawngpetu sin in theih a si.

ကလေးမြို့၊ ရှေရှင်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီးထက်အောင်ခိုင်၊ ရဲ ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံးပြီး အလောင်း မကောက်နိုင်ဘဲ ထွက်ပြေး/ ရန်ကုန်၊ ဧပြီ ၂၃, စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက်တွင် ဧပြီလ ၂၂ ရက်နေ့ ဖြစ်ပွားသော ရေရှင်ကျေးရွာအနီး တိုက်ပွဲတွင် အရာရှိ ၃ ဦးအပါအဝင် စစ်သားနှင့် ပျူစောထီး ၂၀ ခန့် သေဆုံးကြောင်း PDF Kalay က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် ဗိုလ်ကြီးထက်အောင်ခိုင် အပါအဝင် စစ်သားအများအပြားသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူ စစ်ဗိုလ်အလောင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများမကောက်နိုင်သေးကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ကလေးမြို့အခြေစိုက် ခလရ ၈၇ မှ ဗိုလ်ကြီးထက်အောင်ခိုင်ပါ အင်အား ၁၀ ဦး၊ ကျောက်ပြုတ်ကျေးရွာ အခြေပြု လှုပ်ရှားတပ်ခွဲ ၆ မှ ဒုရဲအုပ် ချစ်ကိုကို ပါ အင်အား ၅ ဦးပါ တပ်ဖွဲ့၊ ပြည်သူ့စစ် ဉာဏ်လင်းအောင် ဦးဆောင်သော အင် အား ၁၅ ဦးပါ အဖွဲ့၊ အင်းကျွန်းကျေးရွာ အခြေပြု လှုပ်ရှားတပ်ခွဲ ၆ မှ ဒုရဲအုပ် အောင်မျိုးသိန်း ဦးဆောင်သာ အင်အား ၄ ဦးပါအဖွဲ့ စုစုပေါင်း အင်အား ၃၃ ဦး ပါအဖွဲ့သည် ရေရှင်ကျေးရွာအနီးတွင် ညနေ ၃ နာရီခန့်အချိန် PDF တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကျအဆုံးများစွာဖြင့် အလောင်းပင်မကောက်နိုင်ဘဲ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားချိန် ဂန့်ဂေါမြို့နယ်၊ ဟံသာ၀တီကျေးရွာရှိ အမြောက်တပ်စခန်းက ၁၂၀ မမ လက်နက်ကြီးများကို ဗိုလ်ကြီးဇင်အောင်ထွန်း ဦးဆောင်သော အဖွဲ့က ပစ်ကူပေးခဲ့သော်လည်း စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်များဘက်မှ ၄ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိကာ အလောင်းပင်မကောက်နိုင်ဘဲ ထွက်ပြေးရကြောင်း သိရှိရသည်။ တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးအနက် ခလရ ၈၇ မှ ဗိုလ်ကြီးထက်အောင်ခိုင်၊ တပ်သား ရန်နိုင်ကျော်၊ ရဲဒုတပ်ကြပ် စိုးမင်းသူတို့ ပါဝင်ကြောင်း သိရှိရသည်။

တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူများ ရှိပြီး ဆက်သွယ်ရေးတပ်မှ တပ်သား ညီညီထွန်းနိုင် ၊ ဒကစ(ကလေး)မှ တပ်ကြပ် ဖိုးအေး၊ ထပရ ၉၃၄ မှ တပ်ကြပ် သိုက်စိုး၊ စကခ (၁၀) မှ တပ်ကြပ်ဇော်လွင်၊ စအရ ၉၁၆ မှ တပ်သားတင့်နိုင်ဦး၊ ပြည်သူ့စစ်များဖြစ်ကြသည့် အင်းကျွန်းရွာ မှ စိုးမင်းထွေး၊ သန်းနိုင်၊ မန်းကီး၊ ဘဂျမ်း၊ တင်ကိုဦးတို့လည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်/ ဒဏ်ရာရရှိသူများသည် ဂန့်ဂေါမြို့နယ် ဟံသာ၀တီတိုက်နယ်ဆေးရုံတွင် ဆေး ကုသမှုခံယူလျက်ရှိပြီး အလောင်းများကို ကောက်ယူရန် ကြိုးစားနေကြောင်း စစ်တပ်သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရှိရသည်။

Relchap; Ralhrang pahnih an zaam mi kong ah Matupi siang ca chim CDM nuva tel in pali an tlaih hna. April 23, 2022. Matupi khuachung Khuaboi sang Bank hngak ralhraang pahnih an zaamnak kong he pehtlai in Matupi siang ca chim CDM a tuah mi nuva pahnih le khuami pahnih an tlaih hna tiah kan theih.

Khuami pakhat nih, “April 21 i Bank congtu ralhraang minung pahnih an zaam ni in meithal an puah. Khuachung ah minung an hlat. Atu ah khuami CDM nuva pahnih le khuami pahnih an tlaih hna,” tiah The Hakha Post ah a chim.

Atu banuk in an tlaih hna hi nihin April 23 zinglei sang ah a si. Min Aung Hlaing kuttang ah tuan zuam lo in a zaam mi pahnih hna hi an meithal he April 21 ahkhan an zaam i a himnak ah an kuat cang hna tiah kan theih. Credit; The Hakha Post

Leave a Reply

Your email address will not be published. Required fields are marked *