Press "Enter" to skip to content

Khah! Lawlawsee Kawlram Tamadah Dingin Rian Pek Mi U Myin Swe Nih Hi Ti Hin Fianternak A Hun Tuah Cang

မဲစာရင်းစစ်ဆေးအရေးယူဆောင်ရွက်ရန် အာဏာလွှဲပေးခြင်းဖြစ်ဟု ယာယီသမ္မတ ဦးမြင့်ဆွေ ကြေညာ

မဲစာရင်းတွေ စစ်ဆေးအတည်ပြုတာအပါအဝင် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဖွဲ့စည်ပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က) အရ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးလိုက်တယ်လို့ ယာယီသမ္မတ ဦးမြင့်ဆွေက ထုတ်ပြန်ကြေညာပါတယ်…

ယာယီသမ္မတ ဦးမြင့်ဆွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာ အပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရဲ့ တင်ပြချက်ကို ယာယီ သမ္မတ အဖြစ် မနက်က ကြေညာထားတဲ့ ဦးမြင့်ဆွေက သုံးသပ်ပြီး ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာပြီး အခြေခံဥပဒေ ပုဒ်မ ၄၁၈ ပုဒ်မခွဲ က အရ နိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင် အာဏာ ၃ ရပ်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန် ပေးအပ်လိုက်တယ်လို့ တပ်မတော် ပိုင် မြဝတီ သတင်းဌာနက ကြေညာသွားပါတယ်။

မြန်မာ အာဏာသိမ်းမှု နောက်ဆုံး အခြေအနေကို ဒီလင့်ခ်မှာလည်း ကြည့်ရှုနိုင်ပါတယ်။

ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ (ယခင် ပုံဟောင်း) – AFP/Getty
ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ (ယခင် ပုံဟောင်း) – AFP/Getty

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *