Press "Enter" to skip to content

Kum caan Saupi Taifah, Khawmfah Ti Bantuk A Ingtuarmi Na Si Ah Cun Mah Hi Sii Hi Rak Din Piak Ve Hrimhrim

Taifah le khawmfah A Ngeimi Pawl Caah A Tha Ngai Mi Sii Ai, Kawl Holh In A Ka Hal Mi An Um Caah Kawl Ca In Kan Vun Tial Nak A si.
•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
ခါးနာဝေဒနာဖြစ်နေသော နှစ်ရှည်လများခံစားနေရသူများအား ဤအစွမ်းထက်ဆေးနည်းလေးကို ကုသိုလ်ပြုလမ်းညွှန်ပါ၏-ဆင်တုံးမနွယ် အစို နှစ်ကျပ်သား နှမ်းဆီစစ်စစ် တစ်ဆယ်သား သတ္တုအိုးတစ်လုံး ပုလင်းတစ်လုံး တို့ကိုယူပါ။

ဆင်တုံးမနွယ်ကို ကွမ်းညှပ်နှင့် ပုလင်းအတွင်းသို့ထည့်၍ ဝင်စေရန် သေးငယ်စွာညှပ်ပါ ညှပ်ပြီးလျှင် ပုလင်းတွင်းထည့်ပါ နှမ်းဆီပါရောထည့်ပါ အိုးအတွင်း ရေကိုထည့်ပါ ။

ရေထည့်ထားသော အိုးထဲကို ပုလင်းထည့်၍ ရေဆူလာအောင် မီးဖြင့်ချက်ပါ ရေခမ်းလျှင်ထပ်ထည့်ပါ ၃နာရီခန့်ချက်ပြီးပါက ဆေးအဆီရပါလိမ့်မယ်
ထိုနှမ်းဆီရလာပါက အအေးခံပြီး ဗုဒ္ဓဂုဏ်တော် ၃၇ ခေါက်ရွတ်ပြီး ရတနာမြတ်သုံးပါးနှင့် သင်ဆရာမြင်ဆရာနှင့် ဆေးဆရာများအား ကန့်တော့ပူဇော်ပြီး ခါးနာသည့်နေရာကို စိမ့်ဝင်အောင် မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးခြင်းဖြင့် လက်တွေ့ပျောက်ကင်းချမ်းသာပါလိမ့်မည်။

အမှန်တကယ် ခံစားနေရပါက အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်ပါ။ ငါကဲ့သို့ခါးနာသူရှိက သိပါစေပျောက်ပါစေ စေတနာဖြင့် ဤ ဆေးနည်းအား သင်ကြားမျှဝေပါ။ ဘဝပေါင်းများစွာ အနာရောဂါ ကင်းစင်ပါလိမ့်မည်။

စေတနာသည် မိမိ၏ တန်ခိုးရှင်ပင်ဖြစ်သည်။ အားလုံး ကျန်းမာရွှင်လမ်းကြပါစေ။

Credit : Htet Aung

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *