Press "Enter" to skip to content

Mipi Hriamtlai Hna Nih Council Ralhrang An Phomh Hna, Minung Tam Tuk An Thi

Shwebo-Kyauk Myaung lam ah council ralhraang motor bomb puah an tong, 8 nak tlawm lo an thi. April 26, 2022, Sagaing ramthen, Shwebo-Kyauk Myaung motor lam, Maungtat khua lamthen pawng ah Council ralhraang motor pakhat cu tualchung PDF nih April 25 zaanlei sang ah bomb an puah i ralhraang 8 nak tlawm lo an thi tiah Dhu Wan SBDF nih thawng an thanh.

Bomb puah a tong mi ralhraang pawl nih pawngkam um inn cheukhat le ar zuatnak inn pawl an khangh hna pin ah motorcycle 3 an lak tiah tualchung mi sin in kan theih. “Zahan zaan ah a si i hriamngan kah thawng zong kan theih nain kan va zoh ngam lo. Inn 2 le ar zuatnak inn 3 an khangh. Caw 2 an thi. Kan zuat mi ar pawl le a rawl pe kding kan chiah mi vialte an kaang dih. Ar zuat hi a tu lio thil man cun hmun khat ah ting 100 tluk a si.

Minung cu kan him, cycle 3 an lak. Atu zing tiang cu zei thawng hmanh a um rih lo” tiah tualchungmi pakhat nih Khit Thit Media ah a chim. Bomb puah a tong mi ralhraang motor cu Kyauk Myaung in Shwebo lei ah a kal mi a si i Burmese Dragon Force he tangti in zaan suimilaam 8:20 ah bomb 9 in kan puah hna hi a si tiah Dhu Wan SBDF nih a thanh.

Nihin zing April 26 ah council ralhraang motor 30 hrawng cu Kyauk Myaung in Shwebo lei ah an kal tiah thawng kan theih ca ah tualchungmi nih cuka lam cu hman rih lo ding in Dhu Wan SBDF nih ralrinnak a thanh. Source: Khit Thit Media, The Hakha Post

ရွှေဘို-ကျောက်မြောင်းကားလမ်းတွင် စစ်ကားမိုင်းဆွဲခံရပြီး စစ်သား ၈ ဦးထက်မနည်းသေဆုံး၊ စစ်သာများက အနီးရှိ နေအိမ် အချို့ကို မီးရှို့ဖျက်ဆီးပြီး ဆိုင်ကယ် ၃ စီးကို ခိုးယူသွား (ရုပ်/သံ)/ ရန်ကုန်၊ ဧပြီ ၂၆, စစ်ကိုင်းတိုင်း၊ ရွှေဘို-ကျောက်မြောင်းကားလမ်း၊ အုန်းပေါက်ကျေးရွာ အရှေ့ဘက်ခြမ်း၊ မောင်းတပ်ကျေးရွာ လမ်းခွဲအနီး အကြမ်းဖက်စစ်ကောင်စီကား ၁ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၂၅ ရက် ညပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Dhu Wan SBDF ထံမှ သတင်းထုတ်ပြန်သည်။

မိုင်းခွဲခံရသော စစ်ကောင်စီတပ်ဖွဲ့သည် အနီးဝန်းကျင်ရှိ လူနေအိမ်အချို့နှင့် ကြက်မွေးမြူရေးခြံများကို မီးရှို့ဖျက်ဆီးကာ ဆိုင်ကယ် ၃ စီးကို ခိုးယူသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ “မနေ့ညက ဖြစ်တာပေါ့၊ လက်နက်ကြီး ပစ်သံတွေရော ကြားတယ်၊ ကျနော်တို့လည်း သွားမကြည့်ရဲဘူးလေ။ အိမ် ၂ လုံးနဲ့ ကြက်ခြံ ၃ ခြံကို မီးရှို့တယ်။ နွား ၂ ကောင် သေတယ်၊ မွေးထားတဲ့ကြက်တွေရော၊ ကြက်စာတွေရော အကုန်လောင်သွားတာပေါ့။ ကြက်ခြံ ၁ ခြံက အခုပေါက်ဈေးနဲ့ဆို သိန်း ၁၀၀ လောက် တန်တယ်။

လူတွေတော့ လွတ်ပါတယ်၊ ဆိုင်ကယ် ၃ စီးကိုလည်း ခိုးသွားတယ်။ ဒီမနက်တော့ ဘာမှ မထူးသေးဘူး” ဟု ဒေသခံ ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ အဆိုပါ စစ်ကားသည် ကျောက်မြောင်းမှ ရွှေဘိုသို့ ထွက်ခွာလာသော ကားဖြစ်ကြောင်း၊ Burmese Dragon Force နှင့် ပူးပေါင်းကာ ည ၈ နာရီ ၂၀ မိနစ်တွင် ရှေ့ထွက်မိုင်း ၉ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ Dhu Wan SBDF က သတင်းထုတ်ပြန်သည်။

ယနေ့ ဧပြီလ ၂၆ ရက် နံနက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား အစီးရေ ၃၀ ခန့် ကျောက်မြောင်းမှ ရွှေဘိုဘက်သို့ ထွက်ခွာသွားကြောင်း သိရှိရပြီး ဒေသခံပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးမပြုကြရန် Dhu Wan SBDF က သတိပေးထားသည်။

Be First to Comment

Leave a Reply

Your email address will not be published.