Press "Enter" to skip to content

Muidawh Zoh Cim Lo “Lulu Aung” Ai Dawh Nak A Van I Phozar Than Cang (+Hmanthlak Tampi)

မော်ဒယ်လ် လုလုအောင်ကတော့ Single Mother လို့ ထင်ရက်စရာမရှိအောင် အပျိုလေးအတိုင်း အလှတွေပိုလို့နေပါတယ်။ အနုပညာလောကထဲကို ဟိုးအရင်ကတည်းက ဝင်ရောက်လာခဲ့ပြီး ပုရိသပရိသတ်တွေကြား သူမရဲ့ ပုံရိပ်အလန်းတွေက ရေပန်းစားလူကြိုက်များတာလည်း ဖြစ်ပါတယ်။ တောင့်တင်း လှပတဲ့ကောက်ကြောင်းတွေက ရင်ဖိုချင်စရာကောင်းတာကိုလည်း တွေ့ရပါတယ်။

ဖက်ရှင်ပိုင်းနဲ့ပတ်သတ်ရင်လည်း နှစ်ခါပြန်ငေးရလောက်အောင် အထာကျကျ ဝတ်စားဆင်ယင်တတ်သူလေးဖြစ်လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ဖက်ရှင်မော်ဒယ်လ်လို့ တင်စားခေါ်ဝေါ်ကြတာပါ။ လက်ရှိမှာတော့ လုလုအောင်တစ်ယောက် ကိုဗစ်ကပ်ရောဂါတွေကြောင့် အနုပညာလှုပ်ရှားမှုလေးတွေရပ်နားထားရတာဖြစ်ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်ထက်မှာ အိမ်နေရင်း ပုံရိပ်လေးတွေကို ဝေမျှလေ့ရှိတာဖြစ်ပါတယ်။

မကြာသေးတဲ့ နာရီပိုင်းအချိန်ကလည်း လုလုအောင်က ” မတရားအေးချမ်းလာလို့ အပူရှာအုန်းမှပါ ” ဆိုတဲ့ စာသားလေးနဲ့အတူ လုံလုံခြုံခြုံဖက်ရှင်လေးနဲ့ အသည်းယားစရာပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဆယ်ကျော်သက်လေးတစ်ယောက်လို လှပနုပျိုနေတဲ့ လုလုအောင်ရဲ့ ပုံရိပ်လေးတွေက ကြည့်ရှုသူ ပရိသတ်တွေကို အချစ်ပိုစေတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေ…..။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *