Press "Enter" to skip to content

Zoh Cim Lo Bak An Si Ko An Tiru Bak Hih (+Hmanthlak)

မင်းသမီးချောလေး ဧငြိမ်းဖြူကတော့ Model ၊သရုပ်ဆောင်တစ်ဦးအဖြစ် လူသိများအောင်မြင်လာခဲ့တဲ့ မိန်းမလှလေးပဲ ဖြစ်ပါတယ် ။ ဧငြိမ်းဖြူက ကက်ဆက်ခွေဇာတ်လမ်းတွဲလေးတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ် ။ အနုပညာနဲ့ပတ်သက်ပြီး ပါရမီပါလာတဲ့ ဧငြိမ်းဖြူက အင်မတန်အရည်အချင်းရှိပြီး Dancer အလုပ်ကိုပါ Professional ကျကျ လုပ်ကိုင်ပြီး ဗီဒီယိုတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ် ။

သူမရဲ့ချစ်သူလေးကို ပရိသတ်တွေသိအောင် တရားဝင်ကြေညာထားတဲ့ ဧငြိမ်းဖြူက အဆိုတော်ရဲရင့်အောင်နဲ့ ချစ်ကြိုက်နေ တာ ဖြစ်ပါတယ် ။ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲလေးက သစ္စာရှိရှိ လက်တွဲလာခဲ့ကြတာဟာဆိုရင် ချစ်သူသက်တမ်း (၄) နှစ်တောင်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ် ။ အခုလည်း ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲလေးက Anniversary အမှတ်တရအနေနဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေပါခေါ်ပြီး ခရီးထွက်လာကြတာ ဖြစ်ပါတယ် ။

ဧငြိမ်းဖြူကတော့ ခရီးထွက်ရင်းနဲ့ စိတ်တိုင်းကျအပန်းဖြေပြီး ရေကူးကန်ဘေးမှာ Tik Tok ကစားခဲ့တာ ဖြစ်ပါတယ် ။ အမိုက်စားကကွက်တွေနဲ့ အပီအပြင် ကနေတဲ့ ဧငြိမ်းဖြူရဲ့ဘေးကိုတော့ ရဲရင့်အောင်တို့သူငယ်ချင်းတစ်စုက ရုတ်တရက်ရောက်ချလာပြီး အတူတူဝင်ကနေကြတာ ဖြစ်ပါတယ် ။ ကဲ ရဲရင့်အောင်တို့အဖွဲ့ကြောင့် အူတက်အောင်ခွီနေရပြီး အားရပါးရကနေတဲ့ ဧငြိမ်းဖြူရဲ့Tik Tok ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Be First to Comment

Leave a Reply

Your email address will not be published. Required fields are marked *